ဘာသာရေး • 1 min read
သတင်း

ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ အလှူငွေနှင့်စားသောက်ကုန်များ လှူဒါန်း

One News

Nov 25, 2026

ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ အလှူငွေနှင့်စားသောက်ကုန်များ လှူဒါန်း
0 Shares
13 Views

 

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ နိုဝင်ဘာလ ၂၄ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းက ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေက အလှူငွေနဲ့ အခြေခံ စားသောက်ကုန်တွေ လှူဒါန်းခဲ့ကြတယ် လို့ သိရပါတယ်။ အဲဒီအလှူဟာ သံဃာတော်တွေနဲ့ သီလရှင်တွေသာမက အနှေးယာဉ်လုပ်သားတွေနဲ့ အခြေခံ လူတန်းစားတွေကိုပါ လှူဒါန်းတဲ့ အလှူတစ်ခု ဖြစ်ပါတယ်။

အလိုတော်ပြည့် ကျောင်းတိုက်မှာ လပြည့်နေ့တိုင်း စားသောက်ကုန်တွေ လှူဒါန်းပွဲကို ပြုလုပ်လာတာဟာ ရှစ်နှစ် လောက် ရှိပြီဖြစ်ပြီး နောက်ထပ်လည်း အခုလို လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ အလိုတော် ပြည့်ကျောင်းတိုက် ဆရာတော် အသျှင်ကုမာရက မိန့်ကြားပါတယ်။အခြေခံ စားသောက်ကုန် လှူဒါန်းတာဟာ အလိုတော်ပြည့် ဆရာတော်ကြီးကို ဦးထိပ်ထားပြီး ဆရာတော်ကြီးရဲ့ တပည့်ရင်း ဆရာတော် အသျှင်ကုမာရ ဦးဆောင်ပြီး ပြည်တွင်း/ပြည်ပ အလှူရှင်တွေနဲ့ အနုပညာရှင်တွေ ပူးပေါင်း ပါဝင်လှူဒါန်းခဲ့ကြတာပါ။

ဒီစားသောက်ကုန်လှူဒါန်းပွဲမှာ ပါဝင်ကူညီခွင့် ရတဲ့အတွက် ဝမ်းသာမိတယ်လို့ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ သမီး မြူလင်းကိုကို တို့က ပြောပါတယ်။ အခြေခံစားသောက်ကုန် လှူဒါန်းပွဲမှာ ဆန်၊ ဆီ၊ ကြက်သွန်၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ မုန့်ပဲသရေစာ၊ ဟင်းသီး ဟင်းရွက်နဲ့ အလှူငွေတွေကို လှူဒါန်းခဲ့ကြတာဖြစ်ပြီး စတုဒိသာလည်း ကျွေးမွေးခဲ့သလို အနုပညာရှင်တွေ ကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘာသာရေး
သတင်း

ရွှေတိဂုံစေတီတော်၌ မသိုးသင်္ကန်းရက်လုပ်ပွဲနှင့်ကပ်လှူပူဇော်ပွဲ ကျင်းပ

One News

Nov 24, 2026 21

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးပြုလုပ်တဲ့ ၃၈ ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပွဲနဲ့ ကပ်လှူပူဇော်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ စေတီတော်ဂေါပကအဖွဲ့ကနေ သိရပါတယ်။မသိုးသင်္ကန်းရက်လုပ်တာကို စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေမှာ နိုဝင်ဘာလ ၂၃ ရက်၊ တန်ဆောင်း မုန်းလဆန်း ၁၄ ရက် ညနေပိုင်းက ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။